Showing posts with label အရေးအသားကောင်းလာစေဖို့. Show all posts
Showing posts with label အရေးအသားကောင်းလာစေဖို့. Show all posts

Sunday, April 19, 2020

ဝေါဟာရများ

ဝေါဟာရကြွယ်ဖို့အတွက် ဆိုရင်တော့ စာအုပ်တွေ အများကြီး ဖတ်ထားဖို့ လိုတဲ့အပြင် ကြိုက်တဲ့ စကားလုံးတွေကိုလည်း မှတ်စုနဲ့ မှတ်ထားသင့်ပါတယ်။ မြန်မာအဘိဓါန် အစအဆုံး ဖတ်ပြီး မြင်တွေ့နေကြ မဟုတ်တဲ့ စကားလုံးတွေကို စုစည်းပေးထားပါတယ်။ ပုံမှန် အသုံးတွေကိုတော့ ချန်ထားခဲ့ပါတယ်။
(က)     ကကြိုးတန်ဆာ၊ ကချေသည်၊ ကဆုန်ပေါက်၊ ကတိကဝတ်၊ ကတိုက်ကရိုက်၊ ကတုန်ကရင်၊ ကနွဲ့ကယျ၊ ကမကထ၊ ကယောက် ကယက်၊ ကယောင်ကတမ်း၊ ကယောင်ချောက်ချား၊ ကရိကထ၊ ကလနား၊ ကသုတ်ကရက်၊ ကာပြန်၊ ကူပံ့၊ ကေဒါ၊ ကော့ပျံ၊ ကံကုန်၊ ကံကျွေးချ၊

Tuesday, March 31, 2020

အရေးအသားကောင်းလာစေဖို့(၂)

တစ်နှစ်လုံးနေ့တိုင်း မပျက်မကွက် ရေးရမယ်ဆိုရေးနိုင်ပါ့မလား?

HowToRap - Myanmar

             Object Writing ကို မနက်တိုင်း တနေ့(၁၀)မိနစ် ရေးသားလေ့ကျင့်ပေးမယ်ဆိုရင် အကောင်းဆုံးပါ။ တနေ့ကို (၁၀)မိနစ် စောစောထပြီး ရင်းနှီးမြှုပ်နှံလိုက်ရုံနဲ့ ရလာမယ့် အကျိုးအမြတ်က များပါတယ်။
            မနက်စောစော (ထပ်ပြောပါမယ် မနက်စောစော) ရေးဖို့လိုပါတယ်။ မရေးရသေးခင် လက်ဖက်ရည်ဆိုင် ကော်ဖီဆိုင် ထိုင်လိုက်တဲ့အခါ လူကသာ အိပ်ရာကနိုးပြီး ရေးချင်စိတ်ဟာ အေးအေးဆေးဆေး အိပ်ပျော်နေတတ်တဲ့အတွက် ရေးချင်စိတ်ကို စောစောစီးစီး နိုးလာအောင် နှိုးပြီမှ နေ့တနေ့ကို စတင်တာ ပိုကောင်းပါတယ်။ ရေးချင်စိတ်နဲ့ အတူတူ ကမ္ဘာကြီးကို ကြည့်ကြတာပေါ့။ ကိုယ်နဲ့အတူ အသင့်ရှိနေတဲ့ ရေးချင်စိတ်ဟာ ကြုံလာသမျှ အဖြစ်အပျက်တွေထဲကနေ အလင်္ကာတွေ၊ နိမိတ်ပုံတွေကို စူးစမ်းရှာဖွေနေမှာပါ။ တနေကုန် လက်လှုပ်စရာ မလိုဘဲ စာရေးကျင့်နေသလိုပါပဲ။

Saturday, March 28, 2020

အရေးအသား‌ ကောင်းလာစေဖို့(၁)


အရေးအသားစွမ်းရည်ဟာ ဟိုးစိတ်အတွင်းပိုင်းမှာ ငုပ်လျှိုးနေတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ရပ် ဖြစ်ပါသည်။ အရေးအသားကောင်းသူ တစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ ကိုယ့်စိတ်ရဲ့ အတွင်းပိုင်းမှာ ငုပ်လျှိုးနေတဲ့ ဗီဇကို ရှာဖွေတူးဖော်နိုင်ဖို့ လိုပါတယ်။ သေချာတာကတော့ မင်းဟာ ဘယ်သူနဲ့မှ ယှဉ်လို့မရအောင်တော်တဲ့ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်တယ် ဆိုတာကို မမေ့ပါနဲ့။ ကျွန်တော်တို့ တစ်တွေဟာ တစ်ဘဝလုံးစာ တွေ့ကြုံခဲ့ရတဲ့ ခံစားချက်တွေနဲ့ အတွေ့အကြုံတွေကို စိတ်ရဲ့အတွင်းပိုင်း တစ်နေရာမှာ သိုမှီးထားတတ် ကြပါတယ်။ မတော်တဆဖြစ်စေ၊ မှတ်မှတ်သားသားဖြစ်စေ ခင်ဗျားတို့၊ ကျွန်တော်တို့ ခေါင်းထဲမှာ ရောက်ရှိလာတဲ့ တစ်ဘဝလုံးစာ အကြောင်းအရာ၊ အဖြစ်အပျက်ပေါင်း မြောက်မြားစွားဟာ စိတ်ကူးသမုဒ္ဒရာကြီးရဲ့ ကြမ်းပြင်ထဲမှာ နှစ်ရှည်လများ နစ်မြုပ်နေကြပါတယ်။ သည်တော့ စိတ်ကူးသမုဒ္ဒရာ ကြမ်းပြင်အောက်ထိ ကျွန်တော်တို့ ငုပ်လျှိုးပြီး အဖိုးတန် အတွေးအပိုင်းအစလေးတွေကို ဆယ်ယူကြမယ်။ အကြောင်းအရာ တစ်ခုကို ရှာတွေ့ပြီဆိုရင်တော့ ရေပေါ်ကို ပျော်ပျော်ကြီး ပြန်တက်လာလို့ ရပါပီ။ ပြီးရင်တော့ ရလာတဲ့ အပိုင်းအစလေးကို ဆုဖလားတစ်ခုလို ကိုင်မြှောက်ပြီး အောင်ပွဲခံလိုက်ကြရအောင်။