Wednesday, May 6, 2020

Figures Of Speech

 Rap is Rhythm and Poetry 
Rakim
ခေတ်အဆက်ဆက်က MC တွေဟာ သီချင်းရေးတဲ့အခါ နားထောင်သူရဲ့ရင်ထဲကို တိုက်ရိုက် ရောက်ရှိသွားအောင် ပုံဖော်ပေးနိုင်ဖို့ သီချင်းရေးတဲ့အခါမှာ ထည့်သွင်း အသုံးပြုခဲ့တဲ့ ကဗျာသုံးနည်းစနစ်တွေ အများကြီး ရှိပါတယ်။ သည်နည်းလမ်းတွေကို စနစ်တကျ သိရှိနားလည်းပြီး လိုအပ်တဲ့အချိန် လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ အမျိုးအစားကို လိုအပ်တဲ့ပမာဏနဲ့ ထည့်သွင်း သုံးစွဲရမှာပါ။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ စကားပုံအတိုင်း အများကြီးလည်း မသုံးမိဖို့လည်း လိုအပ်ပါတယ်။
အသုံးပြုလေ့ရှိတဲ့ နည်းလမ်းတွေကိုတော့ အလျဉ်းသင့်သလို ပြောပြပေးသွားမှာပါ။


Adjunction
Adjunction ဆိုတာ စာကြောင်းတကြောင်းကို ဆွဲဆောင်မှုရှိလာအောင် ပြုပြင်မွမ်းမံပေးတဲ့ စကားလုံး သို့မဟုတ် စကားစုတစု ဖြစ်ပါတယ်။ ဟင်းပွဲတွေမှာ ခတ်လေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင် လိုပဲ မပါလည်း ဟင်းအရသာ မပျက်ပေမယ့် ထပ်ပေါင်းထားတဲ့အခါ အရသာတိုးစေပါတယ်။ Adjunction သည်

  • ဘာကြောင့်လဲ?
  • ဘယ်နေရာလဲ?
  • ဘယ်အချိန်လဲ?
  • ဘယ်လိုလဲ ဆိုတဲ့ မေးခွန်းတွေကို အဖြေပေးရမှာပါ။

ပုံမှန်သဒ္ဒါနည်းအတိုင်း မဟုတ်ပဲ ထူးထူးခြားခြား ပြောချင်တဲ့ စကားလုံးတွေကို စာကြောင်းရဲ့ ရှေ့ဆုံးမှာ ဒါမှမဟုတ် နောက်ဆုံးမှာ ထားပြီး ရေးတဲ့နည်းလမ်းဖြစ်ပါတယ်။ Adjunctionသုံးဖို့ ဆန္ဒမရှိတဲ့အခါ ပုံမှန်ဝါကျ အထားအသိုအတိုင်း သုံးစွဲနိုင်ပါတယ်။
ပေးထားတဲ့ ဥပမာလေးတွေကို လေ့လာကြည့်ကြပါစို့။

(အနားနား) ငါ တဖြေးဖြေး…တိုး
အချစ်သီချင်း တပုဒ်တော့ Nice and Slow
(စိုင်းစိုင်း)

(မနက်ဖြန်) မင်း တိကျတဲ့ အဖြေကို ပေးပါ (သို့မဟုတ်)
တိကျတဲ့ အဖြေကို ပေးပါ (နောက်တနေ့)

(တိုးတိုးလေး) အနားနားကို ကပ်ပြီးပြော (သို့မဟုတ်)
အနားနားကို ကပ်ပြီးပြော (တိုးတိုး လေးပဲပေါ့)

 ခါးနေလည်း ခဏပါ ဘဝဟာ ဆိုးကောင်းယှဉ်တွဲ
(အမြင့်ဆုံး) ပျံသန်းမယ် တောင်ပံဖြန့် မိုးကောင်းကင်ထဲ

ကျန်နေသေးတဲ့ ပုံစံမြင်ချင်တယ်ဆိုရင်တော့...
Please
Like & Share this post...

1 comment:

  1. အများကြီး ကျေးဇူးတင်ပါတယ် ဘဝအတွက် ကိုယ်စိတ်သန်ရာ ဒီအနုပညာ လမ်းကြောင်းပေါ်က လူငယ်များအတွက် အခုလို လေးနပ်တဲ့ဂီတထဲက rapဂီတအကြောင်းတစ်စေ့တစ်ဆောင်း ထပ်ပီးမျှ​​ဝေ​ပေးပါ...

    ReplyDelete