Tuesday, May 5, 2020

Advanced Flow & Delivery Techniques (3)

32nds

        မြန်နှုန်းမြင့် Rap တွေ ရွတ်ချင်တဲ့အခါ အလွယ်ဆုံးနည်းကတော့ Rhythm ကို 32nds ထိ ခွဲခြမ်းလိုက်တာပါပဲ။ 16ths ထက် နှစ်ဆပိုများလာတဲ့ အစိတ်အပိုင်းတွေကို ဖြည့်ဖို့အတွက် စကားလုံး နှစ်ဆပိုပြီး လိုလာတယ်။ သည်စကားလုံးတွေ အားလုံး Beat နဲ့ အံဝင်ဖို့ဆို Rapping Speed ဟာလည်း အရင်ထက် နှစ်ဆပိုမြန်ဖို့ လိုလာပါတော့တယ်။ MC တွေအနေနဲ့ ပုံမှန်ထက် စကားလုံးနှစ်ဆ ပိုရွတ်ရလို့ 32nds ကို “Double Time” လို့လည်း ခေါ်ကြပါတယ်။ သည်ပုံကတော့ တစ်ဘားကို 32nds အထိ ခွဲပြထားတာပါ။

Twista’s ရဲ့ “Slow Jamz” ကိုလည်း နားထောင်ကြည့်လိုက်ပါဦး။

        ဘားဝင်ဖို့အတွက် စကားလုံးတစ်လုံးစီကို 32nds နဲ့ နှစ်ဆမြန်အောင် ရွတ်ထားတာကို တွေ့ရမှာပါ။ ပထမဇယားကွက်မှာ 1st Beat နဲ့ 2nd Beat၊ ဒုတိယဇယားကွက်ကတော့ 3rd Beat နဲ့ 4th Beat တွေပေါ်မှာ အသီးသီး ရွတ်ထားတဲ့ Flow Diagramပါ။
        သည်ပုံစံမျိုး ဖန်တီးတဲ့အခါမှာ စာသားတွေကို ခေါင်းထဲမှာ စီထားတာထက် စာရွက်နဲ့ချရေးထားဖို့ အကြံပေးပါရစေ။ ဒါမှပဲ စကားလုံး တစ်လုံးစီကို Beat နဲ့ အံဝင်အောင် နေရာချတာ၊ ဖြတ်တောက်တာ လုပ်ဖို့အတွက် ပိုပြီးလွယ်ကူမှာ ဖြစ်ပါတယ်။
        Beat နှေးလာလေ၊ Rap အမြန်ရွတ်ဖို့ လွယ်လေပါ။ ဒါကြောင့် Rap အမြန်တွေ ရွတ်တော့မယ်ဆိုရင် Tempo နှေးတဲ့ Beat ကို ရွေးတာ အကောင်းဆုံးပါ။ သည်တော့ (၆၀)BPM Beat တခု ရလာတဲ့အခါမှာ ပုံမှန် Rhythm အတိုင်း ဖြေးဖြေး ရွတ်မှာလား? ဒါမှမဟုတ် Doubling လုပ်ပြီး နှစ်ဆအမြန် ရွတ်မလား? ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။
        Rap အမြန်ရွတ်တဲ့နေရာမှာ ရှင်းရှင်းလင်းလင်း တိတိကျကျနဲ့ စကားလုံးတိုင်းကို အပိုအလိုမရှိ ကွက်တိ 32nds Rhythm နဲ့ အံကိုက် အသံထွက်နိုင်ဖို့ လိုပါတယ်။ တစ်ချို့ MC တွေသာ 32nds နဲ့ အံကိုက် ရွတ်နိုင်တာကို တွေ့ရပါတယ်။ တကယ်မိုက်တဲ့ Twist တွေဟာ မြန်ရုံသာမက၊ Beat နဲ့လည်း တိတိကျကျ အံဝင်တဲ့အတွက် ကွန်ပြူတာနဲ့ စီထားသလို ညီညာလှပသော အသံလေး ကြားရမှာပါ။
Tech N9ne
 “daga-daga-daga-daga”
ပြောချင်တဲ့ စကားလုံး အများကြီးကို စာကြောင်းထဲမှာ စက်နဲ့ ရိုက်ထည့်ထား သလို သေသေသပ်သပ်လေး စီထည့်ရပါမယ်။
Twista       
ကျနော်တို့ Eminem, Busta Rhyme, T.I…, တစ်ချို့အဖွဲ့တွေနဲ့ အနုပညာရှင်တွေ အနေနဲ့ Rap ရွတ်တဲ့အခါမှာ Rhythm ကို မပျက်သွားအောင် အမြဲထိန်းပါတယ်။ ဒါကြောင့် နားထောင်တဲ့ ပရိတ်သတ်အနေနဲ့ ကာရန်တွေ Rhythm တွေ ကြားထဲမှာ ပျင်းသွားတယ်ဆိုတာ မရှိပါဘူး။
Bursts of Syllables with 32nds
        Rapping အမြန်တွေ ရွတ်တဲ့အခါ 32nds Rhythm ကို သုံးတဲ့အကြောင်း ပြောခဲ့ပြီးပါပြီ။ ပုံမှန်ရွတ်နေတဲ့ Rap ထဲမှာ တစ်ဘားလုံး မဟုတ်ပဲ နေရာ ကွက်ကွက်လေးကိုပဲ 32nds Rhythm ကိုသုံးပြီး မြန်အောင် ဖန်တီးလို့လည်း ရပါတယ်။

Organized Konfusion’s ရဲ့ “Bring It Out” ကို နားထောင်ကြည့်ပါ။

စာသားတွေထဲမှာ “It,” “ty,” “bit,” “ty,” ဆိုတဲ့ စကားလုံးလေး (၄)လုံးကိုပဲ 32nds နဲ့ ရွတ်ထားပါတယ်။ တစ်ဘားတည်းမှာပဲ ကျန်တဲ့ စာသားတွေနဲ့ ယှဉ်ရင် “itty bitty”က မြန်နေတာကို တွေ့ရမှာပါ။
        Rap တိုင်းကို အမြန်ဆိုတာ စိတ်ကြိုက်ပုံစံ မဟုတ်ဘူးဆိုသူတွေ အနေနဲ့ သည်နည်းလမ်းကို သုံးပြီး အပိုင်းလိုက်ကလေး မြန်တဲ့စာသားတွေ အမျိုးမျိုး ဖန်းတီးနိုင်ကြပါတယ်။
        Rapping အမြန်မကြိုက်သူတွေ အနေနဲ့ သီချင်းထဲ ထည့်မသုံးလည်း ကျွမ်းကျင်နေအောင် လေ့ကျင့်ထားသင့်ပါတယ်။
        32nds Rhythm နဲ့ Rap အမြန်တွေ ဖန်တီးနိုင်ပေမယ့် Fast Rap တိုင်းက 32nds သုံးပြီး ဖန်တီးထားတာတော့ မဟုတ်ပါဘူး။ နောက်ထပ် သုံးနေကြတဲ့ Triplets ဆိုတာလည်း ရှိသေးတယ်လို့ ပြောလိုက်ပါရစေ။

        အဆင်ပြေတာပဲ ဖြစ်ဖြစ် မပြေတာပဲ ဖြစ်ဖြစ် Comment လေး ချန်ထားခဲ့ပေးလို့ ရပါတယ်။

No comments:

Post a Comment