Showing posts with label ဘယ်လိုဆိုကြမလဲ?. Show all posts
Showing posts with label ဘယ်လိုဆိုကြမလဲ?. Show all posts

Saturday, May 9, 2020

Advanced Flow & Delivery Techniques (4)


Triplets
ပုံမှန်နှုန်းနဲ့ ရွတ်နေတဲ့ Rap မှာ နည်းနည်းလေးပိုမြန်လာပြီး လှပတဲ့ Rhythm တစ်ခု ဖန်တီးဖို့ MC တွေဟာ Triplets ကို သုံးပါတယ်။ Classic Hip Hop ခေတ်ကတည်းက သုံးခဲ့တဲ့ Triplets ဆိုတာ စကားလုံး(၃)လုံး ဖြစ်ပါတယ်။ ပုံမှန် ရွတ်တဲ့ 16th Notes နှစ်လုံး နေရာမှာ Triplets (စကားလုံး(၃)လုံး) အစားထိုးပြီး ရွတ်တာ ဖြစ်ပါတယ်။

Tuesday, May 5, 2020

Advanced Flow & Delivery Techniques (3)

32nds

        မြန်နှုန်းမြင့် Rap တွေ ရွတ်ချင်တဲ့အခါ အလွယ်ဆုံးနည်းကတော့ Rhythm ကို 32nds ထိ ခွဲခြမ်းလိုက်တာပါပဲ။ 16ths ထက် နှစ်ဆပိုများလာတဲ့ အစိတ်အပိုင်းတွေကို ဖြည့်ဖို့အတွက် စကားလုံး နှစ်ဆပိုပြီး လိုလာတယ်။ သည်စကားလုံးတွေ အားလုံး Beat နဲ့ အံဝင်ဖို့ဆို Rapping Speed ဟာလည်း အရင်ထက် နှစ်ဆပိုမြန်ဖို့ လိုလာပါတော့တယ်။ MC တွေအနေနဲ့ ပုံမှန်ထက် စကားလုံးနှစ်ဆ ပိုရွတ်ရလို့ 32nds ကို “Double Time” လို့လည်း ခေါ်ကြပါတယ်။ သည်ပုံကတော့ တစ်ဘားကို 32nds အထိ ခွဲပြထားတာပါ။

Tuesday, April 28, 2020

Advanced Flow & Delivery Techniques (2)

        သည်နေ့ Flow အကြောင်းမပြောခင် Tempo အကြောင်းလေး နည်းနည်း ပြောချင်ပါတယ်။ Tempo ဆိုတာ ဂီတမှာသုံးတဲ့ သီချင်းတစ်ပုဒ်ရဲ့ အမြန်နှုန်း ဖြစ်ပြီး Beat per Minute(BPM) နဲ့ တိုင်းပါတယ်။ တစ်မိနစ်အတွင်း စုစုပေါင်း Beat ရိုက်ချက် အရေအတွက် စုစုပေါင်းဟာ BPM ဖြစ်ပါတယ်။
16ths on Midtempo Beats
        16th Notes ကို Midtempo Beat ပေါ်မှာ ရွတ်ထားတဲ့ Rap တွေဟာ ဓမ္မတေးတွေလိုလည်း မနှေး၊ Fast Rap တွေလိုလည်း မမြန်ပဲနဲ့ နေ့စဉ်ပုံမှန် စကားပြောတဲ့ Flow နဲ့ တော်တော်လေး တူပါတယ်။ ပြောချင်တဲ့ အကြောင်း အရာတစ်ခုကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေချင်တဲ့အခါမျိုးမှာ 16ths ကို Midtempo Beat ပေါ်မှာ ရွတ်ဆိုခြင်းအားဖြင့် ရိုးရိုးလေးနဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့

Friday, April 24, 2020

Advanced Flow & Delivery Techniques (1)

        ရပ်ပါအသစ်ရော အဟောင်းရော အကြောင်းအရာပေါင်းစုံနဲ့ ရပ်သီချင်း အသစ်တွေကို နေ့တိုင်း တင်ဆက်နေကြပါတယ်။ ရပ်ပါအသစ်တွေနဲ့အတူ သီချင်းအသစ်တွေ ပေါ်လာတော့ နားထောင်စရာ ပေါလာပေမယ့် Flow နဲ့ Rhythm စုတ်ပြတ်နေရင်တော့ Attention ရဖို့ မလွယ်ပါဘူး။

Flow and Delivery

  လေ့လာမှုအနည်းဆုံးနဲ့ နားလည်မှုအနည်းဆုံး အစိတ်အပိုင်း (၂)ခုဖြစ်တဲ့ Flow and delivery ဟာ MC တစ်ယောက်အတွက် အရေးကြီးတဲ့ Elements တခုပဲ ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ရဲ့ အကြောင်းအရာ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အလင်္ကာ(Metaphor)ကို လူအများစု ကျေကျေလည်လည်