ကျွန်တော်တို့ ဘဝတွေက သိပ်ပြီးရင်ခုန် စိတ်လှုပ်ရှားစရာ
မကောင်းလှပါဘူး။ တနေကုန် ကျောင်းသွားမယ်၊ ဒါမှမဟုတ် အလုပ်သွားမယ်၊ ညနေမှာ ဘော်ဒါတွေနဲ့
လျှောက်လည်မယ်။ အိမ်ပြန်ပြီး TV Series လေးကြည့်မယ်၊ Facebook လေးပွတ်မယ်၊ အိပ်မယ်။
ဒါကိုပဲ အမြဲတမ်း ကိုယ့်အကြောင်းကို သီချင်းလုပ်ဆိုရမယ်ဆိုရင် စိတ်ဝင်စားစရာ ကောင်းနိုင်ပါ့မလား? သည်တော့
ရေးစရာ အကြောင်းအရာတွေကို နည်းနည်းလေး အကြံပေးပါရစေ။
- လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ(Hip Hop၊ Social Media၊ Games၊ ပညာရေး၊
- ထောင်၊ စီးပွားရေး၊ ရုပ်ရှင်၊ သရုပ်ဆောင်)
- နိုင်ငံရေး
- ပိုက်ဆံရှိခြင်း၊ မရှိခြင်း
- ချိန်းတွေ့ခြင်း
- တရားမျှတမှု
- သိပ္ပံပညာ
- ယုံကြည်မှု
- ရည်မှန်းချက်
- မလုံခြုံမှု
- Rap Battle
- ကြိုက်နှစ်သက်တဲ့ လူ၊ပစ္စည်း
- အလုပ်ချင်ဆုံးအရာ
- Hater တွေ
- လုပ်ခဲ့ဖူးတဲ့အမှားတွေ
- စိတ်ကူးယဉ်ပုံပြင်တွေ
- ငါသာ(သမ္မတ/ စစ်ခေါင်းဆောင်/ သူဌေး/ နာမည်ကြီး)ဖြစ်ခဲ့ရင်
- မူးယစ်ဆေး
- ဆိုက်ကို ဖောက်တာတွေ
- တယောက်ယောက်ကို သတိရခြင်း
- လုပ်ချင်တဲ့အရာ၊မလုပ်ချင်တဲ့အရာ
- ပြောင်းလဲမှု(လူမျိုးရေးခွဲခြားမှု၊ ကျားမတန်းတူညီမျှမှု၊ ကျန်းမာရေး၊ ရာဇဝတ်မှု၊ ဖျော်ဖြေရေး၊
- ဆင်းရဲမွဲတေမှု၊ Mainstream၊ Underground၊ အလုပ်ခွင်တွင်း မျှတမှု)
- မသေခင်လုပ်ချင်တာတွေ
- နောင် (၁/၅/၁၀/၃၀)နှစ်တွေမှာ မင်းဘာဖြစ်နေမလဲ
- ခြစားမှု
- မီဒီယာ
- သရဲ၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်၊ အရိပ်လူသား
- အားကစား
- ရုန်းကန်မှု
- လိင်ကိစ္စ
- သဘာဝနှင့်အလှ
- ရာသီပွဲတော်များ(နွေ၊ မိုး၊ ဆောင်း၊ ကျောင်းပိတ်ရက်၊ မွေးနေ့၊
- ဘွဲ့နှင်းသဘင်၊ နှစ်ပတ်လည်နေ့)
သည်ပုံစံတွေကို ကြည့်ပြီးတော့ မီဒီယာတွေမှာ
ဒါမျိုးတစ်ခါမှ မမြင်ဖူးဘူးလို့တော့ စောဒကမတက်ပါနဲ့။ Media မှာ လွင့်တာတွေက
Producer တွေ ပိုက်ဆံပေးထားတာတွေပဲ များပါတယ်။ ကိုယ်တိုင် နားထောင်ချင်တဲ့ သီချင်းမျိုးကိုပဲ
လုပ်ပါ။ တလောကလုံး မင်းသီချင်းကို ဘယ်တော့မှ ကြိုက်မှာမဟုတ်ပါဘူး။ သည်တော့ အားလုံးကြိုက်အောင်
လုပ်မယ်ဆိုတဲ့ မလိုလားအပ်တဲ့ ဖိအားတွေကို ဖယ်လိုက်ပါ။
ဆက်ရေးလို့မရတော့ရင်
ဘာလုပ်ရမလဲ?
ပြောင်းလဲပါ
ပုံမှန် စာအုပ်ထဲရေးနေကြဆိုရင်၊ ဖုန်းထဲက
Notepad ထဲရေးတာဖြစ်ဖြစ်၊ Recorder နဲ့ အသွင်းတာပဲ ဖြစ်ဖြစ်ပြောင်းပါ။ ဘောပင်နဲ့ ရေးနေကြဆိုရင်
ခဲတံပြောင်းရေးပါ။
ရေးတဲ့နေရာပြောင်းပါ။ အိပ်ခန်း၊ ကော်ဖီဆိုင်၊
စာအုပ်ဆိုင်၊ စာကြည့်တိုက်၊ လမ်းထိပ်ကအုတ်ခုံ၊ ပန်းခြံ၊ ကမ်းနား စသဖြင့် ကိုယ်မြင်နေကျ
မဟုတ်တဲ့ ပတ်ဝန်းကျင်မှာ နေရာပြောင်းပြီး ရေးပါ။
ပေါင်းစပ်ပါ
ဘော်ဒါနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ်နဲ့တွဲလုပ်နေကျ
မဟုတ်တဲ့ တခြား Rapper တွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးကြည့်ပါ။ အတွေ့အကြုံအသစ်တွေ အများကြီး
ရလာမှာပါ။
ကျနေတဲ့ စိတ်ဓါတ်တွေ၊ ပျောက်ဆုံးနေတဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေကို
ကျော်လွှားဖို့ Hip Hop Artist တွေရဲ့ Interview တွေ၊ Documentary တွေ၊ စာအုပ်တွေ၊
ဘဝဇာတ်ကြောင်းတွေကို ရှာဖွေဖတ်ရှူ့လေ့လာပြီး မောင်းတင်ဖို့ လိုပါတယ်။
နားပါ
“ထိုးမဲ့ဆင် နောက်တစ်လှမ်းဆုတ်”တဲ့ စကားပုံ
ရှိပါတယ်။ တီထွင်မှု စွမ်းရည်ဟာလည်း ဖုန်းဘတ္ထရီတွေလိုပဲ အားကုန်တတ်ပါတယ်။ များများ
သုံးထားတဲ့အခါ များများ ပြန်ဖြည့်ဖို့ လိုပါ့မယ်။ သည်တော့ ဘာသီချင်းမှ မရေးပဲနဲ့ တစ်ပတ်လောက်
စာအုပ်တွေဖတ်၊ သီချင်းနားထောင်၊ interview တွေ၊ Documentary တွေ ပြန်ကြည့်ပါ။ သီချင်းရေးဖို့
အားအင်တွေ၊ စိတ်ကူးတွေ ပြန်ပြီး ရလာမှာပါ။ အနုပညာ ဖန်တီးသူ တစ်ယောက်အနေနဲ့ အချက်အလက်တွေကို
အမြဲတမ်းထုတ်နေတဲ့အတွက် ခေတ်နဲ့ မျက်ခြေမပြတ်ဖို့၊ အသိပညာ ဗဟုသုတနဲ့ အတွေးအခေါ်တွေ
တိုးတက်ဖို့ စဉ်ဆက်မပြတ် လေ့လာနေဖို့ လိုပါတယ်။ အချက်အလက်တွေကို သည်လိုသာ ပြန်သွင်းမပေးဖူးဆိုရင်
မင်းဆီရှိတဲ့ ပြောစရာအကြောင်းတွေဟာ တဖြေးဖြေး ကုန်ခမ်းသွားမှာ အသေအချာပါပဲ။
အဆင်ပြေတာပဲဖြစ်ဖြစ်၊
မပြေတာပဲဖြစ်ဖြစ် ပြောစရာတစ်ခုခု ရှိခဲ့ရင် Comment ချန်ထားခဲ့ပေးလို့ ရပါတယ်။
Please unicode
ReplyDelete