Friday, April 24, 2020

Advanced Flow & Delivery Techniques (1)

        ရပ်ပါအသစ်ရော အဟောင်းရော အကြောင်းအရာပေါင်းစုံနဲ့ ရပ်သီချင်း အသစ်တွေကို နေ့တိုင်း တင်ဆက်နေကြပါတယ်။ ရပ်ပါအသစ်တွေနဲ့အတူ သီချင်းအသစ်တွေ ပေါ်လာတော့ နားထောင်စရာ ပေါလာပေမယ့် Flow နဲ့ Rhythm စုတ်ပြတ်နေရင်တော့ Attention ရဖို့ မလွယ်ပါဘူး။

Flow and Delivery

  လေ့လာမှုအနည်းဆုံးနဲ့ နားလည်မှုအနည်းဆုံး အစိတ်အပိုင်း (၂)ခုဖြစ်တဲ့ Flow and delivery ဟာ MC တစ်ယောက်အတွက် အရေးကြီးတဲ့ Elements တခုပဲ ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ရဲ့ အကြောင်းအရာ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အလင်္ကာ(Metaphor)ကို လူအများစု ကျေကျေလည်လည်
ဆွေးနွေးနိုင်ကြပေမယ့် Hip Hop ဂီတမှာ အသုံးပြုနေကြတဲ့ triplets, flams, vibrato, staccato delivery, percussive and vocal techniques အကြောင်း တွေကိုတော့ သိတဲ့သူ အရမ်းကြီး များလိမ့်မယ်လို့ မထင်ပါဘူး။
  သီချင်းတစ်ပုဒ်ကို နားထောင်တဲ့အခါ ပရိတ်သတ်ဟာ MC ရဲ့ Flow and delivery ကို ပထမဆုံး သတိထားမိပြီးတော့ သည်ဘဲ မိုက်တယ်၊ မမိုက်ဘူးလို့ စိတ်ထဲမှာ မှတ်ချက်ပြုပါတယ်။ ပြီးမှသာ ဒုတိယပိုင်းအနေနဲ့ ဆိုနေတဲ့ အကြောင်းအရာကို ဝေဖန်သုံးသပ်လေ့ ရှိကြပါတယ်။
Brother Ali
ကျွန်တော်က စာသားထက် Flow ကပိုပြီး အရေးကြီးတယ်လို့ ထင်ပါတယ်။ တစ်ချို့ စာသားမိုက်ပြီး Flowက စုတ်ပဲ့နေတာမျိုး ဆိုရင်တော့ ကျွန်တော်ကတော့ လုံးဝနားမထောင်ပါဘူး။ စိတ်ကျေနပ်မှုရဖို့၊ ခံစားချက်တစ်ခုခုရဖို့ ကျွန်တော်တို့ ဂီတကို နားထောင်ကြပါတယ်။ သည်တော့ ဂီတဟာ ခံစားဖို့ပါ။ စာသားကတော့ ဂီတထဲမှာ ပါဝင်လာတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ Professional MC အများစုဟာ သီချင်းရေးတဲ့ နေရာမှာ Flow and delivery ကို ပထမဆုံး စတည်ကြပါတယ်။
Royce Da 5’9”
ဘာမှချမရေးခင် Flow ကို ပထမဆုံး စဉ်းစားတယ်။ ခေါင်းထဲမှာ Flow ကို တွေးပြီးမှ စာသားကို ပုံဖော်။ ပြီးရင်တော့ ရလာတဲ့ စာသားကို Flow ထဲမှာ ထည့်ပါ။ အမြဲတမ်း Flowကို ပထမဆုံး ကောက်ကိုင်ပြီးမှ သီချင်းတစ်ပိုဒ်ကို စရေးပါတယ်။
Pigeon John
Flow အရင်စဉ်းစားတာက ကျွန်တော်လုပ်နေကျ ပုံစံပါ။ တော်တော်များများက Rhythm and melody ကအရင် ဖြစ်လာတယ် ပြီးမှ အကြောင်းအရာက နောက်က  ပေါ်လာရော။ ကျွန်တာ်ကတော့ ပေါ်လာတဲ့ Flowကို စိတ်ထဲမှာစွဲနေအောင် ညည်းနေပြီးမှ စကားလုံးတွေကို တဖြည်းဖြည်း ဖြည့်တဲ့နည်းလမ်းကို သုံးပါတယ်။ 

Advanced Techniques

  သည် How to Rap Volume 2 မှာ Flow(rhythm and rhyme) နဲ့ delivery အကြောင်းကို အသေးစိတ်ရှင်းပြထားတယ်။ တက်သစ်စ MC တွေကို အထောက်အကူ ပြုဖို့နဲ့ ပရိတ်သတ်တွေ အနေနဲ့လည်း သူတို့ရဲ့ Favorite MC တွေ သုံးတဲ့ Flow and delivery နည်းစနစ်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ ရည်ရွယ်ပါတယ်။ Flow and delivery မှာ ဆရာတစ်ဆူဖြစ်ချင်တဲ့ MCတွေ၊ သီချင်းတစ်ပုဒ်မှာ ကိုယ့်ကိုကိုယ် instrument တစ်ခုလို ဖြစ်ချင်တဲ့ MC တွေအတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ။ Beat တစ်ပုဒ်မှာ instrument (၅)မျိုး သုံးထားမယ်ဆိုရင် ကိုယ်က နံပါတ်(၆) instrument ဖြစ်နေရမှာပါ။

Advanced Rhythm Techniques

  Rhythm ဟာ MC တစ်ယောက်အတွက် အရေးကြီးအစိတ်အပိုင်း ဖြစ်ပေမယ့် Content လောက်၊ Rhyme နဲ့ Rhyme Schemeလောက် စိတ်ဝင်စားမှုနဲ့ အလေးပေးမှု ခံရလေ့ မရှိပါဘူး။ Rhythm ပေါ်မှာ လုံလောက်တဲ့ အချိန်ပေးလေ့လာမှု၊ လေ့ကျင့်မှု မပြုခဲ့တဲ့ ရလာဒ်က စာရွက်ပေါ်မှာ လန်းပြီး သီချင်းထွက်လာတဲ့အခါ ဂွမ်းနေတဲ့ MCတွေ ဖြစ်လာတာပါပဲ။ Beat ပေါ်မှာ အကောင်းဆုံး စီးမြောပြီး ပရိတ်သတ်ကို ဖျော်ဖြေနိုင်တဲ့ MCတစ်ယောက် ဖြစ်ဖို့ Rhythm အမျိုးမျိုးကို ပိုင်ပိုင်နိုင်နိုင် နားလည်နေဖို့ လိုပါတယ်။ Rhythm ကောင်းနေမယ်ဆိုရင် ရိုးရှင်းတဲ့ အကြောင်းအရာလေး၊ ကာရန်လေးနဲ့ပဲ Rap သီချင်း ကောင်းတစ်ပုဒ် ဖြစ်လာနိုင်ပါတယ်။ Rhythm လည်းမရှိ၊ Beat လည်း မဝင်ပဲနဲ့တော့ အကြောင်းအရာတွေ၊ ကာရံတွေ ဘယ်လိုပဲ ကောင်းနေပါစေ MC တစ်ယောက်လို့ မခေါ်နိုင်ပါဘူး။ ဒါကြောင့် Beat နဲ့အတူ စီးမြောနိုင်ဖို့၊ စိတ်ဝင်စားစရာ ကောင်းတဲ့ Rhythm တွေက သိပ်အရေးကြီးပါတယ်။
Evidence, Dilated people
ပေးချင်တဲ့ Messageထက် Flow က ပိုပြီး အရေးပါပါတယ်။ Flowက ပုံမလာ အရွဲကြီးဆိုရင် ဘယ်လောက်ပဲ ကောင်းတဲ့ Messageဖြစ်ဖြစ် ဂရုလည်းမစိုက် နားလည်း မထောင်ပါဘူး။ သည် Messageကိုပဲ နောက်ထပ် အမိုက်စား Flow တခုပြောင်းဖို့ လိုပါ့မယ်။ ကြားရတာ နားခါးပါလိမ့်မယ်။ “အေး….မင်းပေးချင်တဲ့ Message တော့ ကောင်းပါတယ်ကွာ ဒါပေမယ့်..ငါတော့ နားမထောင်တော့ဘူး သားရီး….ဆောရီး”
  Rhythm မကိုက်လို့ အလင်္ကာတွေ ဖြုတ်ပစ်လိုက်ရတာမျိုး၊ ချရေးထားတဲ့ Punchline ကကောင်းပေမယ့် အသံမလှလို့၊ နားထောင်ရတာ အဆင်မပြေလို့ ဖြုတ်လိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။ တရားဟောနေတာ မဟုတ်ဘူး၊ သီချင်းဖန်တီး နေတာ ဖြစ်တဲ့အတွက် အကောင်းဆုံးဂီတ ဖြစ်ဖို့လိုတာ မမေ့ပါနဲ့။

Vocal percussion

  Rappingမှာ အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းနဲ့ ကာရံယူပုံတွေဟာ ကဗျာ နည်းစနစ်တွေကို အခြေခံပေမယ့် Rhythm အပိုင်းကတော့ Percussionနဲ့ Drumming နည်းစနစ်တွေနဲ့ အတော်လေး နီးစပ်ပါတယ်။ 
Rap ရွတ်ဆိုတဲ့ အသံသည် Instrumental ပေါ်မှာ Drum Beat နဲ့တူတူ စည်းချက်ကျ နေရပါမယ်။ အသုံးပြုလိုက်တဲ့ စကားလုံးတိုင်းဟာ ပါးစပ်နဲ့ တီးထားတဲ့ ဂီတပါပဲ။ 
       Rhythm ကောင်းမှ သီချင်းကောင်းမှာပါ။ Flow ကောင်းတဲ့ Rapper များဟာ သီချင်းစာသားထက် Rhythm ကို အရင်ဦးစားပေး ကြပါတယ်။ သီချင်းရေးတဲ့ အခါလည်း Rhythmကို ပထမဆုံး ခေါင်းထဲမှာ တည်ထားတယ်။ Flow နဲ့ Rhythm ကို အရင်တည်ပြီးမှ အကြောင်းအရာကို စဉ်းစားတဲ့အခါ သီချင်းဟာ သီချင်းနဲ့တူပါတယ်။ ကိုယ့်သီချင်းဟာ ဘာအဓိပ္ပါယ်လဲ? ဆိုတာထက် ဘယ်လိုဂီတလဲ? ဆိုတဲ့ အဖြေကို ပေးပါတယ်။ ဒါကြောင့်လည်းပဲ Rapper အများစုဟာ Rhythm ကို ပထမဦးစားပေး စဉ်းစားပြီးမှသာ ကိုရေးချင်တဲ့ Themeတွေ၊ idea တွေကို ပုံဖော်လေ့ ရှိကြပါတယ်။
        ပထမဆုံး Beat ကိုနားထောင်။ စိတ်ထဲကနေ လိုက်ညည်းကြည့်။ စာသား အတိအကျ ဖြစ်စရာမလိုပါဘူး။ ပြီးမှ ကိုယ်ညည်းထားတဲ့ Flow ပေါ်မှာ အကြောင်းအရာ၊ စာသားထပ်ပြီး ဖြည့်ပေါ့။ 
  Flow ကောင်းကောင်း ဖန်တီးနိုင်ဖို့ဆို Rhythm နည်းစနစ်တွေကို သိဖို့လိုပါတယ်။ Flow ကို ဖန်တီးဖို့အတွက် အခြေခံ Rhythm အမျိုးမျိုးကို ရှင်းပြပါ့မယ်။ စကားလုံးတွေကို Rhythm ကိုက် အသံမထွက်နိုင်ရင်တော့ Beat ပေါ်မှာ Timing ကိုက် သီဆိုနိုင်ဖို့ သိပ်မလွယ်ပါဘူး။ 

16ths


  Rap Rhythm အများစုကတော့ တစ်ဘားကို အပိုင်း(၁၆)ပိုင်း ခွဲထားတာပါပဲ။ ဒါကိုပဲ 16th Notes လို့ ခေါ်ကြပါတယ်။ အပေါ်ကပုံမှာ ပြထားတဲ့ အတိုင်း တစ်ဘားမှာ ရှိတဲ့ Beat လေးချက်ကို တစ်ချက်ကို လေးပိုင်းစီပိုင်းပြီး စုစုပေါင်း လေးပိုင်း ခွဲထားတာ ဖြစ်ပါတယ်။


     

        သည် 16ths Rhythm ထဲမှာ စာသားတွေ ဘယ်လိုဖြည့်ထားတာကို Spoonie Gee and the Treacherous Three's ရဲ့ “The New Rap Language” မှာ တွေ့မှာပါ။ တစ်ဘားကို စာသား (၁၆)လုံး တိတိကျကျကြီးကို ဆိုထားတဲ့ သည်သီချင်းဟာ 16th Notes ကို အရှင်းဆုံးနားလည်စေမယ့် နမူနာပါ။ 16th Notes က ဖန်တီးထားတဲ့ Rhythm ကို ကရုစိုက်ပြီး နားထောင်ကြည့်ပါ ။ သူ့စာသားတွေ နေရာမှာ “ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊၈…..”အစားထိုးပြီး ဆိုကြည့်လို့ ရပါတယ်။ 
16th Rhythm နဲ့ ဖန်တီးထားတဲ့ Rap သီချင်းတွေကို Hip Hop ခေတ်ဦးက Rap တွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ၁၉၈၀ လောက်က စပြီးသုံးခဲ့တဲ့ Rhythm ဖြစ်ပြီး သည်နေ့ခေတ်ထိ သုံးစွဲနေဆဲ Rhythm တခု ဖြစ်ပါတယ်။
အပိုင်း(၂)…
16ths 
  • Mid Tempo Beat
  • Faster Beats
  • Variations with 16ths
        အားလုံးပဲ အဆင်ပြေကြပါစေ ဘော်ဒါတို့..

4 comments:

  1. This comment has been removed by a blog administrator.

    ReplyDelete
    Replies
    1. ဝမ်းသာပါတယ်ဗျာ သည်လိုကြားရတာ

      Delete
    2. ခုလိုလေ့လာခွင့်ရတာ အရမ်းကျေးဇူးတင်ပါတယ်ခင်မျ😘

      Delete
  2. Admin ရေအရမ်းအသုံးဝင်ပါတယ် တကယ်ကောင်းတယ်ဗျ

    ReplyDelete