Triplets
ပုံမှန်နှုန်းနဲ့ ရွတ်နေတဲ့ Rap မှာ နည်းနည်းလေးပိုမြန်လာပြီး လှပတဲ့ Rhythm တစ်ခု ဖန်တီးဖို့ MC တွေဟာ Triplets ကို သုံးပါတယ်။ Classic Hip Hop ခေတ်ကတည်းက သုံးခဲ့တဲ့ Triplets ဆိုတာ စကားလုံး(၃)လုံး ဖြစ်ပါတယ်။ ပုံမှန် ရွတ်တဲ့ 16th Notes နှစ်လုံး နေရာမှာ Triplets (စကားလုံး(၃)လုံး) အစားထိုးပြီး ရွတ်တာ ဖြစ်ပါတယ်။
ပုံမှာတော့ 16th Notes မှာ Triplets အစားထိုးတာကို ပြပေးထားပါတယ်။ ပထမတန်းကတော့ ဘားတစ်ဘားမှာရှိတဲ့ Beat လေးချက်၊ ဒုတိယတန်းကတော့ တစ်ဘားလုံးကို 16th Notes ဖြည့်ထားတာ၊ နောက်ဆုံးတန်းကတော့ 16th Notes နှစ်လုံး နေရာမှာ Triplets တွေနဲ့ အစားထိုးပုံကို ပြပေးထားပါတယ်။
16th Notes မှာ "တစ်၊နှစ်" လို့ ရွတ်တဲ့ ကြာချိန်အတိုင်း Triplets Notes အနေနဲ့ “တစ်၊နှစ်၊သုံး” ကို ရွတ်ဆိုလေ့ကျင့်နိုင်ပါတယ်။
The Jaz’s ရဲ့ “The Originators” ထဲက Jay Z ရဲ့ Featuring:
သည်နေရာမှာ စကားလုံး(၃)လုံး “thig-git-a” Triplets ကို ဆက်ခါ ဆက်ခါ လေးခါဆက်တိုက် ရွတ်ထားပါတယ်။ MC တွေအနေနဲ့ ပုံမှန် 16th Notes နှစ်လုံးနေရာမှာ မည်သည့် စကားလုံး(၃)လုံးတွဲကို မဆို အစားထိုး အသုံးပြုပြီး သည်တော့ Triplets တွေ ဖန်တီးနိုင်ပါတယ်။
“The Originators” ထဲမှာပဲ “teach-ing-and”, “reach-ing-and”, preach-ing-and”, “show-ing-and”, “flow-ing-and”, “grow-ing-and”, “blow-ing-and”, “rest-of-the” ဆိုတဲ့ သုံးလုံးတွဲ Triplets တွေကို ဆက်ပြီးတော့ ကြားရမှာပါ။
16th Notes တစ်ဘားလုံးကို Triplets နဲ့ အစားထိုးလိုက်တဲ့အခါ အပိုင်း(၁၆)ပိုင်း နေရာမှာ အစိတ်အပိုင်း (၂၄)ပိုင်း ဖြစ်လာပါတယ်။
Fast Rapping Style with Triplets
“The Originators” ဟာ Triplets တွေ ပုံအောပြီး ထပ်ခါထပ်ခါ သုံးထားတဲ့ Track တစ်ပုဒ်ပါ။ ပုံမှန် 16ths ထက် စကားလုံး ပိုပြီးသုံးရတဲ့ အတွက် Fast Rap ပုံစံ ဖြစ်လာပါတယ်။ သည်ပုံစံကို Das EFX’s ရဲ့ “Mic Checka”တို့ Fu-Schnicken’s ရဲ့ “What Up Doc?” တွေမှာ တွေ့နိုင်ပါတယ်။
Triplets ကိုပဲ 32nds နဲ့ တွဲသုံးပြီး Fast Rap ဖန်တီးလို့ ရပါသေးတယ်။ သည်ပုံစံဟာ MCတစ်ချို့အတွက် အဆင်ပြေပေမယ့်၊ အမြန်ပုံစံနဲ့ မလိုက်ဖက်တဲ့ MCတွေအတွက် အခက်အခဲ ရှိတတ်ပါတယ်။
Andy Cat, Ugly Duckling: အရင်က D.O.C, Dre တို့ Chip-Fu တို့ကို နားထောင်ပြီးတော့ သည်ဘဲတွေလိုပဲ စောင့်ရမ်းမိုက်တဲ့ Fast Rap တွေလုပ်ဖို့ ကြိုးစားဖူးတယ်။ သင်တယ်၊ အချိန်ပေးပြီး လေ့ကျင့်တယ်၊ ဒါပေမယ့် ဘယ်လိုပဲကျင့်ကျင့်၊ ကျွန်တော်နဲ့ အဆင်ကို မပြေဘူး၊ Busta Rhymes တို့ကျတော့လည်း ကောင်းသွားပြန်ရော။
Fast Run of Triplets to Break Up a Verse
ပုံမှန် Rhythm နဲ့ သွားနေရင်းကနေ ရုတ်တရက် အပိုင်းလိုက်၊ အကွက်လိုက် ကလေးပဲ မြန်ချင်တဲ့ အခါမှာလည်း Triplets ကို သုံးကြပါတယ်။
South Central Cartel’s ရဲ့ “Sowhatusayin” ကို နားထောင်ကြည့်ပါ။
“T to the R to the E to the A to the C to the H…” ပုံမှန် 16ths နှစ်လုံး နေရာမှာ Triplets တွေဖြစ်တဲ့_ “T-to-the”, “R-to-the”, “E-to-the”, “A-to-the”, “C-to-the” ဆိုတဲ့ သုံးလုံးတွဲတွေ အသီးသီး အစားထိုး ရွတ်ထားတာ ဖြစ်ပါတယ်။ သီချင်းတစ်ပိုဒ်လုံးကို ပုံမှန် Rhythm နဲ့ ရွတ်လာရာကနေ သီချင်းပိုဒ်အဆုံးမှာ Triplets ငါးတွဲဆက်တိုက် သုံးလိုက်တော့ လှပတဲ့ အဆုံးသတ်လေး ဖြစ်လာပါတယ်။ အဓိပ္ပါယ်ရှိတဲ့ ဘာစကားလုံးမှ မသုံးဘဲ “ဒါ့ ဒါ့ ဒါ”၊ “ဒါ့ ဒါ့ ဒါ”၊ “ဒါ့ ဒါ့ ဒါ” လို့ ရွတ်လိုက်တာမျိုးနဲ့လည်း အဆုံးသတ်လို့ ရပါသေးတယ်။
Single Triplets in a Medium Peaced Flow
ပုံမှန် Rhythm နဲ့ ရွတ်နေတဲ့ Rap တွေရဲ့ ဘားတိုင်းမှာ Triplets တစ်တွဲ၊ ဒါမှမဟုတ် နှစ်တွဲ ဖြည့်ပြီး စိတ်ဝင်စရာကောင်းပြီး ကြွရွတဲ့ Flow တစ်ခု ဖန်တီးလို့ ရပါတယ်။
Dr.Dre’s ရဲ့ “Nuthin’ but a G Thang” ထဲက Snoop Dogg ရဲ့ Featuring:
Album “Reasonable Doubt” မှာ Jay Z ဟာ 16ths နဲ့ ပုံမှန် စကားပြော Rhythm အတိုင်း ဖန်တီးခဲ့ပြီး မကြာခဏ Triplets တွေသုံးပြီး အလှအပ အကြွအရွလေးတွေ လုပ်ပြခဲ့ပါတယ်။
Jay Z’s ရဲ့ “Can’t Knock the Hustle” ကို နားထောင်ကြည့်ပါ။
Fredro Starr, Onyx: Beat တွေပေါ်မှာ အားသုံးပြီး Fast Rap လုပ်နိုင်သလို၊ ပေါ့ပေါ့ပါးပါးပဲ ပုံမှန် Flowနဲ့လည်း ရွတ်နိုင်ပါတယ်၊ အမျိုးမျိုး အပြောင်းအလဲ ရွတ်ရတာ ကျေနပ်ဖို့ ကောင်းပါတယ်၊ ခင်ဗျားတို့လည်း ကြိုးစားကြည့်သင့်တယ်၊ တစ်ပုံစံတည်း လုပ်နေရတာမျိုးကို မကြိုက်တဲ့အတွက် ကျွန်တော့် Flow တွေ အမြဲတမ်း ပြောင်းနေတာ တွေ့မှာပါ။
Opening a Verse or New Line With a Triplets
သီချင်းတစ်ပိုဒ်ကို စချင်တဲ့အခါ၊ အကြောင်းအရာတစ်ခုကို စပြီးပြောင်းတဲ့အခါ ပုံမှန် 16ths တွေ မဝင်ခင်မှာ Triplets နဲ့ စဖွင့်လိုက်တာကလည်း အရှိန်တစ်ခုနဲ့ အားကြီးနဲ့ ပစ်ဝင်လိုက်သလို အရမ်းမိုက်တဲ့ အဖွင့်လေးပါပဲ။ သီချင်း section အချိန်းအပြောင်းတွေမှာ Drum သမားတွေ လုပ်လေ့ရှိတဲ့ ခပ်စိပ်စိပ် ဝင်လာတဲ့ Drum စည်းချက်တွေလိုပါပဲ။
Organized Konfusion’s ရဲ့ “Why” ကို နားထောင်ကြည့်ပါ။
ပထမ Verse ရဲ့ ပထမဘား အဝင်မှာ “sneak-ing-a” ဆိုတဲ့ Triplets က ရှေ့ကနေ ကြိုဝင်လာပြီး Verse ဆီကို ရောက်အောင် ဆွဲခေါ်သွားတာကို တွေ့ရမှာပါ။
Das EFX ရဲ့ Track တွေ တော်တော်များများမှာ သည်ပုံစံကို သုံးလေ့သုံးထ ရှိပါတယ်။
Das EFX’s ရဲ့ “They Want EFX” ကို နားထောင်ကြည့်ပါ။
ပထမဘားအဝင်မှာ “Stig-ged-y” Triplets ကို နှစ်ခါဆက်တိုက် ရွတ်ပြီး Drum သမားတွေ လုပ်လေ့ရှိတဲ့ Drum စည်းချက်တွေလို ခပ်စိပ်စိပ် ဝင်လာတာကို တွေ့ရမှာပါ။ Triplets နဲ့ ဝင်လာပြီး ပုံမှန် Rhythm ကို ပြန်ချိုးသွားတဲ့အခါ ကြွရွပြီး ခန့်မှန်းရ ခက်သော Flow တစ်ခု၊ အာရုံစိုက် နားထောင်ချင်စရာ Flow တစ်ခု ဖြစ်လာပါတယ်။
Das EFX: ကျွန်တော်ကတော့ ရည်ရွယ်ပြီးတော့ကို Flow ချိန်းတာ၊ ပြောင်းတာနဲ့ မခန့်မှန်းတတ်အောင် လုပ်ပါတယ်။ Flow အသေကြီးနဲ့ တစ်ပုဒ်လုံး ဟဲသွားတာမျိုး စောင့်ရမ်းပျင်းဖို့ ကောင်းတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ အကြောင်းဆိုဆို နားထောင်ရတာ Feel ကျဲတာပေါ့။ Rap ရေးတိုင်း ရေးတိုင်း ပရိတ်သတ် နားထောင်ကောင်းအောင် Flow အမျိုးမျိုး ရောပြီးရေးပါတယ်။ တကယ့် MC ဆိုရင်တော့ မင်းလည်း အဲလို လုပ်ပေါ့။ဆက်ပါဦးမယ်....
တော်တော်ဗဟုသုတရပါတယ်bro Thanks a lot
ReplyDelete