သည်နေ့ Flow အကြောင်းမပြောခင် Tempo အကြောင်းလေး
နည်းနည်း ပြောချင်ပါတယ်။ Tempo ဆိုတာ ဂီတမှာသုံးတဲ့ သီချင်းတစ်ပုဒ်ရဲ့ အမြန်နှုန်း
ဖြစ်ပြီး Beat per Minute(BPM) နဲ့ တိုင်းပါတယ်။ တစ်မိနစ်အတွင်း စုစုပေါင်း Beat ရိုက်ချက်
အရေအတွက် စုစုပေါင်းဟာ BPM ဖြစ်ပါတယ်။
16ths on Midtempo
Beats
16th Notes ကို Midtempo Beat ပေါ်မှာ ရွတ်ထားတဲ့
Rap တွေဟာ ဓမ္မတေးတွေလိုလည်း မနှေး၊ Fast Rap တွေလိုလည်း မမြန်ပဲနဲ့ နေ့စဉ်ပုံမှန်
စကားပြောတဲ့ Flow နဲ့
တော်တော်လေး တူပါတယ်။
ပြောချင်တဲ့ အကြောင်း
အရာတစ်ခုကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေချင်တဲ့အခါမျိုးမှာ 16ths ကို
Midtempo Beat ပေါ်မှာ ရွတ်ဆိုခြင်းအားဖြင့် ရိုးရိုးလေးနဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့
Rhythm တစ်ခု ဖြစ်လာပါတယ်။
အမြန်ရွတ်ထားတာ
မဟုတ်လို့ ဆိုထားတဲ့ အကြောင်းအရာကို ဝှက်စာဖော်သလို ဖော်စရာမလိုပဲ ပရိတ်သတ်
နားထဲကို လွယ်လွယ်ရောက်စေပါတယ်။ Nas နဲ့ Jay Z တို့ရဲ့ သီချင်း တော်တော်များများမှာ သည်ပုံစံသုံးပါတယ်။
Nas ရဲ့ It Ain’t Hard to Tell ကို နားထောင်ကြည့်ပါ။
Nas ရဲ့ စကားပြောဟန် Flow ကြောင့် ပြောချင်တဲ့ အကြောင်းအရာကို ရှင်းလင်း၊တိကျ၊ပြတ်သားတဲ့
Rhythm နဲ့ တွဲပြီး ကြားရမှာပါ။
ခန့်မှန်းခြေ
(၉၀) ကနေ (၁၀၀) BPM ကြားလောက်ဆို Midtempo Beat ပါ။ BPM နည်းရင် Beat ရိုက်ချက်တွေ နှေးတဲ့အတွက် Rap တွေ ရွတ်တဲ့အခါ စကားလုံးတွေ ပိုပြီးထည့်လို့ ရပါတယ်။ ကာရန်တွေထည့်ဖို့ နေရာကျယ်ကျယ် ရပါတယ်။
16ths on Faster Beats
ဒုတိယအမျိုးအစားကတော့ 16ths တွေကို Beat အမြန်တွေပေါ်မှာ ရွတ်တဲ့ ပုံစံပါ။ ၁၉၈၀ လောက်က Classic Hip Hop ခေတ်တွေကတည်းက သုံးခဲ့ကြပါတယ်။ အထင်တော့ မသေးပါနဲ့။ အခုသုံးလည်း ကောင်းနေဆဲ Rhythm တစ်ခုပါ။ 16ths ကို Fast Beat ပေါ်မှာ ရွတ်ထားတဲ့
Track တွေကို
နားထောင်ကြည့်ပါဦး။
Big Daddy Kane’s “
Set It Off”
Kool G Rap’s “Men at
Work”
Rakim’s “Lyrics of
Furry”
အရင် အပိုင်း(၁)မှာ ပါတဲ့ Spoonie Gee and the Treacherous
Three ရဲ့
“The New Rap Language”ကလည်း
16ths ကို
Fast Beat ပေါ်မှာ
ရွတ်ထားတာပါပဲ။
BPM (၁၀၀) ကျော်လောက်ဆိုရင် Fast beat လို့ ပြောလို့ရပြီး များသောအားဖြင့် 120BPM
ပတ်ချာလည်လောက်မှာ
ရွတ်ကြပါတယ်။
Beat ရဲ့
အမြန်နှုန်းနဲ့
အံကိုက်အောင်
16ths ကို
ထည့်လိုက်ရုံနဲ့
Beat ကပဲ
Flow ကို
ပုံဖော်သွားပါတယ်။
စရေးကတည်းက Fast
Beat ပေါ်မှာ
ရေးရမယ်လို့တော့
မဟုတ်ပါဘူး။
Midtempo အတွက်
ရေးထားတဲ့
စာသားကိုပဲ Beat နဲ့ ကိုက်အောင် မြန်နှုန်းကို မြှင့်ပြီး ရွတ်လို့ရပါတယ်။
Big Daddy Kane
အမြန်ဆိုထားတဲ “Warm It Up Kane” နဲ့ “Set It Off” (၂)ပုဒ်လုံး (၁၁၃)BPMပါ။ “Warth of Kane”ကတော့ ကျနော်ထင်တယ် (၁၂၀)နဲ့ (၁၂၅)ကြားလောက်ရှိမယ်ဗျ။
Variations with 16ths
16ths ကိုသုံးပြီး ပုံမှန်ဆိုနေကြအတိုင်း မဟုတ်ပဲ ပြောင်းလဲဖန်တီး ရွတ်ဆိုတာ ဖြစ်ပါတယ်။ အပေါ်က Track တွေကို နားထောင်ကြည့်ရင် တစ်ဘားလုံးမှာ စကားလုံး(၁၆)လုံး အတိအကျကြီး ရွတ်ထားတာ တွေ့မှာပါ။ Flow အပြောင်းအလဲ ဖန်တီးဖို့အတွက် တစ်ချို့နေရာမှာ စကားလုံး (လုံး၀)(လုံး၀) မထည့်ဘူး၊ တစ်ချို့နေရာမှာတော့ စကားလုံးတစ်လုံး၊ အသံတစ်သံကိုပဲ 16ths (၂)နေရာစာ ဆွဲပြီး ဆိုတာမျိုးတွေ လုပ်လို့ရပါတယ်။ Spoonie Gee ရဲ့ “The New Rap Language” ရဲ့ နောက်ထပ် တစ်ဘားကို ညွှန်းပါရစေ။
ပုံထဲက highlight လုပ်ထားတဲ့ အပိုင်းမှာ စကားလုံးတစ်လုံးမှ ထည့်မထားတာကို တွေ့ရမှပါ။ သည်လိုနည်းနဲ့လည်း Rhythm တစ်ခုကို ဖန်တီးလို့ ရပါတယ်။
Nas’s ရဲ့ “Represent” ကို နားထောင်ကြည့်ပါဦး။
Highlight လုပ်ထားတဲ အပိုင်းတွေကလွဲရင် အားလုံးကို 16ths နဲ့ ဖြည့်ထားပါတယ်။ ပထမဘားမှာ နံပါတ်(၉)နဲ့(၁၀) နှစ်ကွက်လုံးကို “last”ဆိုတဲ့ အသံကိုပဲ ဆွဲပြီးဖြည့်ထားပြီး နံပါတ်(၁၅)အကွက်မှာတော့ စကားလုံး မထည့်ထားပါဘူး။ ဒုတိယဘားမှာလည်း သည်လိုပါပဲ နံပါတ်(၉)နဲ့(၁၀)ကို “blast”ဆိုတဲ့ အသံကို ဆွဲပြီးဖြည့်ထားပြီး နံပါတ် (၁၅)အကွက်ကို စကားလုံးချန်ထားခဲ့ပါတယ်။
ဘယ်အကွက်မှာတော့ စကားလုံးထည့်မယ်၊ ဘယ်အကွက်မှာတော့ စကားလုံး မထည့်ဘူး၊ ဘယ်စကားလုံးကိုတော့ နှစ်နေရာစာ ဆွဲပြီးရွတ်မယ်၊ စသဖြင့် အပြောင်းအလဲတွေ ဖန်တီးကြရမှာပါ။ ပေးထားတဲ့အတိုင်း ကွက်တိ ဖျောက်ရမယ်၊ ဆွဲရမယ်လို့တော့ မဟုတ်ဘူးနော်၊ ကိုယ့်ရဲ့ ဉာဏ်စွမ်းရှိသလို
တီထွင်ဖန်တီးပြီး
အသုံးချရမှာပါ။
(စကားလုံးတွေ ဘယ်လို၊ ဘယ်နေရာမှာ ဆွဲရမယ်ဆိုတာကိုတော့ နောက်ပိုင်းတွေမှာ ဆက်လာမှာပါ။)
16ths ကို သုံးပြီး သည်လို သိမ်သိမ်မွေ့မွေ့လေး အပြောင်းအလဲ ဖန်တီးခြင်းအားဖြင့် လှပပြီး စိတ်ဝင်စားစရာကောင်းစေတဲ့ အပြင် ပုံမှန် စကားပြော Flow ကိုလည်း ထိန်းပြီးသားဖြစ်လို့ နားထောင်သူ ပရိတ်သတ်ကို နားလည်လွယ်စေပါတယ်။
သည်ပုံစံဟာ
လုံးဝကြီး
ရိုးလွန်းတယ်လို့
ပြောလို့လည်းမရ၊
ပြောချင်တဲ့
အကြောင်းအရာကို
ရှင်းရှင်းလင်းလင်း
ချပြလို့ရတဲ့အတွက်
MC တွေ
စံထားတဲ့ Flow တစ်ခုပဲ ဖြစ်ပါတယ်။
အသံကိစ္စတွေကို စကားလုံးနဲ့ ရေးပြရတာဖြစ်လို့
နားမလည်မှုတွေ ဖြစ်ခဲ့ရင် ကျွန်တော့်ရဲ့ အားနည်းချက်ပါလို့ ပြောပါရစေ။
အဆင်ပြေတာပဲ ဖြစ်ဖြစ်၊ မပြေတာပဲဖြစ်ဖြစ်
Comment ပေးခဲ့ကြပါဦး။
x
ကျေးဇူးပါ
ReplyDelete