Sunday, April 19, 2020

ဘားဆိုတာဘာလဲ?

Rhyme ပါအောင် ရှစ်ဘားစာလောက် ဆိုပါဆိုတော့ ခေါင်းကိုကုတ်တယ်”  စောညီညီ
“ငါပြမယ့် Rap Skill က နှစ်ဆယ့်လေးဘား”   G fatt
“ဆယ့်ခြောက်ဘားလောက်လေးနဲ့ စာသားကုန်သွားတယ်”   J Fire
ဘား?
ဘား?
ဘား?

What is a bar? ဘား ဆိုတာ ဘာလဲ?    
    သိနေတဲ့၊ သိပြီးတဲ့ သူတွေအတွက် ဘာမှမဟုတ်ပေမယ့် ခုမှစပြီး လေ့လာမယ့်သူတွေအတွက်တော့ အဲသည် “ဘား” မှာတင် စပြီး တိုင်ပတ်ပါပြီ။ သူများမေးပြန်ရင်လည်း လိုချင်တဲ့ အဖြေကို မရတဲ့အပြင် စောင့်ပိန်းလို အကြည့်ခံရပြီး “ဟ..မင်းဒါလေးတောင်မသိဘူးလားတဲ့” ။ သည်နေ့ခေတ်မှာတော့ Google မှာ Bar in Hip Hop Music လို့ ရိုက်ရှာလိုက်တာနဲ့ Bar နဲ့ပတ်သက်ပြီး တပြုံတမကြီး သိနိုင်ပါပြီ။
အိုကေ…ကြည့်ရအောင်
  •         ကျနော့် အရပ်က ၅ ပေ ရှိပါတယ်။
  •         ရေတွင်းက ၂၈ တောင် နက်ပါတယ်။
  •         လမ်းက ၃ မိုင် ရှည်ပါတယ်။
  •         သည်သီချင်းက ၁၆ ဘား ရှိပါတယ်။
        အရပ်အရှည်ကို တိုင်းတဲ့ ယူနစ်က “ပေ”၊ ရေတွင်းအနက်ကို တိုင်းရင် “တောင်”၊ လမ်းအရှည်ကို တိုင်းရင် “မိုင်” အသီးသီး ကွဲပြားသလိုပဲ သီချင်းရဲ့ ပမာဏကို တိုင်းရင် “ဘား”နဲ့ တိုင်းတာပါတယ်။
        ၁ ပေမှာ ၁၂ လက်မ။
        ၁ တောင်မှာ ၁၈ လက်မ။
        ၁ မိုင်မှာ ၅၂၈၀ ပေ ရှိကြသလိုပဲ အများအားဖြင့် (4/4) Timing နဲ့ သွားလေ့ရှိတဲ့ Hip Hop သံစဉ်တွေရဲ့ တစ်ဘားမှာ Beat သံ လေးချက် ရှိပါတယ်။
         ဒူ  ချပ်  ဒူ  ချပ် ဆိုရင် တစ်ဘားပါ။ (တစ်ခါတစ်လေလည်း  “ဒူ   ချပ်   ဒူဒူ   ချပ်” လို့ ကြားရနိုင်ပါတယ်)
        ဘားတွေရဲ့ အရေအတွက်ကို သိချင်တဲ့အခါ  “ဒူ   ချပ်   ဒူ   ချပ်” ရဲ့ နေရာမှာ ၁  ၂  ၃  ၄  အစားထိုးပြီး ရေတွက်ကြည့်လို့ရပါတယ်။ 
ပထမဘားမှာ ၁   ၂    ၃   ၁ (နောက်ဆုံး ၁ က ပထမဘားဆိုတဲ့ အဓိပ္ပါယ်ပါ)၊ ဒုတိယဘားမှာ
၁   ၂   ၃   ၂ (နောက်ဆုံး ၂ က ဒုတိယဘားဆိုတဲ့ အဓိပ္ပါယ်ပါ)၊ တတိယဘားမှာ၁   ၂   ၃   ၃ (နောက်ဆုံး ၃ က တတိယဘားဆိုတဲ့ အဓိပ္ပါယ်ပါ)၊ သည်လိုရွတ်သွားရင်းနဲ့ ၁  ၂    ၃   ၁၆ ထိရောက်သွားပြီဆိုရင်တော့ ၁၆ဘားလို့ မှတ်ရပါမယ်။
        Beginner တွေအနေနဲ့ သီချင်းနားထောင်တဲ့အခါမှာ စာသားထက် Beat သံတွေကို နားထောင်ပြီး ဘားတွေကို ရေတွက်ကြည့်ဖို့က အခြေခံအကျဆုံး အချက်ပဲ ဖြစ်ပါတယ်။ Beat သံကို နားထောင်နေရင်း ခေါင်းငြိမ့်တာ၊ ခုံခေါက်တာ၊ ခြေဖဝါးနဲ့ စည်းချက်လိုက်တာမျိုး လုပ်ပြီးတော့ Timing ကို စိတ်ထဲရော ကိုယ်ထဲရော စွဲမှတ်သွားအောင် လေ့ကျင့်ရပါမယ်။
BPM(Beat Per Minute)
        တစ်မိနစ်အတွင်းမှာ တီးထားတဲ့ စုစုပေါင်း Beat အရေအတွက်သည် BPM ဖြစ်ပါတယ်။ Beat အမျိုးအစားကိုလိုက်ပြီး BPM ၈၀ကျော် ၉၀ ကနေ ၁၃၀၊ ၁၄၀ ကျော်ထိရှိပါတယ်။ Tempo လို့လည်း ခေါ်ပြီး BPM အနည်းအများအလိုက် သီချင်းနှေးတာ မြန်တာတွေ ဖြစ်လာပါတယ်။ ဘော်ဒါတို့အနေနဲ့ Beat သံတွေကို နားထောင်ပြီး ဘားရေတွက်တဲ့ အလေ့အကျင့်ကို စလိုက်ကြရအောင်။
        အဆင်ပြေတာပဲ ဖြစ်ဖြစ်၊ မပြေတာပဲ ဖြစ်ဖြစ် Comment ထားခဲ့ပေးလို့ ရပါတယ်။

2 comments:

  1. beginnerတစ်ယောက်အနေနဲ့rapနဲ့ပတ်သက်ပြီဘာကိုအရင်လေ့လာရမလဲ

    ReplyDelete