32nds
မြန်နှုန်းမြင့် Rap တွေ ရွတ်ချင်တဲ့အခါ အလွယ်ဆုံးနည်းကတော့ Rhythm ကို 32nds ထိ ခွဲခြမ်းလိုက်တာပါပဲ။ 16ths ထက် နှစ်ဆပိုများလာတဲ့ အစိတ်အပိုင်းတွေကို ဖြည့်ဖို့အတွက် စကားလုံး နှစ်ဆပိုပြီး လိုလာတယ်။ သည်စကားလုံးတွေ အားလုံး Beat နဲ့ အံဝင်ဖို့ဆို Rapping Speed ဟာလည်း အရင်ထက် နှစ်ဆပိုမြန်ဖို့ လိုလာပါတော့တယ်။ MC တွေအနေနဲ့ ပုံမှန်ထက် စကားလုံးနှစ်ဆ ပိုရွတ်ရလို့ 32nds ကို “Double Time” လို့လည်း ခေါ်ကြပါတယ်။ သည်ပုံကတော့ တစ်ဘားကို 32nds အထိ ခွဲပြထားတာပါ။