Saturday, May 9, 2020

Advanced Flow & Delivery Techniques (4)


Triplets
ပုံမှန်နှုန်းနဲ့ ရွတ်နေတဲ့ Rap မှာ နည်းနည်းလေးပိုမြန်လာပြီး လှပတဲ့ Rhythm တစ်ခု ဖန်တီးဖို့ MC တွေဟာ Triplets ကို သုံးပါတယ်။ Classic Hip Hop ခေတ်ကတည်းက သုံးခဲ့တဲ့ Triplets ဆိုတာ စကားလုံး()လုံး ဖြစ်ပါတယ်။ ပုံမှန် ရွတ်တဲ့ 16th Notes နှစ်လုံး နေရာမှာ Triplets (စကားလုံး()လုံး) အစားထိုးပြီး ရွတ်တာ ဖြစ်ပါတယ်။

Wednesday, May 6, 2020

Figures Of Speech

 Rap is Rhythm and Poetry 
Rakim
ခေတ်အဆက်ဆက်က MC တွေဟာ သီချင်းရေးတဲ့အခါ နားထောင်သူရဲ့ရင်ထဲကို တိုက်ရိုက် ရောက်ရှိသွားအောင် ပုံဖော်ပေးနိုင်ဖို့ သီချင်းရေးတဲ့အခါမှာ ထည့်သွင်း အသုံးပြုခဲ့တဲ့ ကဗျာသုံးနည်းစနစ်တွေ အများကြီး ရှိပါတယ်။ သည်နည်းလမ်းတွေကို စနစ်တကျ သိရှိနားလည်းပြီး လိုအပ်တဲ့အချိန် လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ အမျိုးအစားကို လိုအပ်တဲ့ပမာဏနဲ့ ထည့်သွင်း သုံးစွဲရမှာပါ။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ စကားပုံအတိုင်း အများကြီးလည်း မသုံးမိဖို့လည်း လိုအပ်ပါတယ်။
အသုံးပြုလေ့ရှိတဲ့ နည်းလမ်းတွေကိုတော့ အလျဉ်းသင့်သလို ပြောပြပေးသွားမှာပါ။

Tuesday, May 5, 2020

Advanced Flow & Delivery Techniques (3)

32nds

        မြန်နှုန်းမြင့် Rap တွေ ရွတ်ချင်တဲ့အခါ အလွယ်ဆုံးနည်းကတော့ Rhythm ကို 32nds ထိ ခွဲခြမ်းလိုက်တာပါပဲ။ 16ths ထက် နှစ်ဆပိုများလာတဲ့ အစိတ်အပိုင်းတွေကို ဖြည့်ဖို့အတွက် စကားလုံး နှစ်ဆပိုပြီး လိုလာတယ်။ သည်စကားလုံးတွေ အားလုံး Beat နဲ့ အံဝင်ဖို့ဆို Rapping Speed ဟာလည်း အရင်ထက် နှစ်ဆပိုမြန်ဖို့ လိုလာပါတော့တယ်။ MC တွေအနေနဲ့ ပုံမှန်ထက် စကားလုံးနှစ်ဆ ပိုရွတ်ရလို့ 32nds ကို “Double Time” လို့လည်း ခေါ်ကြပါတယ်။ သည်ပုံကတော့ တစ်ဘားကို 32nds အထိ ခွဲပြထားတာပါ။