မင်းဘာလုပ်နေလဲ ဆိုတာက မင်းဘာလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေ ဖြစ်လာမှာပါ။ ရပ်ပါတယောက်ဖြစ်ဖို့ အုတ်မြစ်ချနေတဲ့ ခုလိုကာလမှာ အာရုံလာလာ၊ မလာလာ Rap Skill တိုးတက်ဖို့ နေ့တိုင်း ကြိုးစားနေရမှာပါ။ အာရုံလာတဲ့ အချိန်ကို စောင့်နေလို့ မရပါဘူး။ အကြံပေးချက်တွေကို အတတ်နိုင်ဆုံးလေ့ကျင့်ကြဖို့ တိုက်တွန်း ပါရစေ။
ကာရန် ရှာဖွေရေးသားခြင်း
မနက်လင်းတာနဲ့ မြင်သမျှ အရာတွေကို ကာရန်ရှာပါ။ ကား ကို စမြင်ရင် ကား၊ ဆား၊
စား၊ သွား။ ကိုက်ညီတဲ့ ကာရန်ကို စဉ်းစားလို့မရတော့ရင် နောက်ထပ်
မျက်စိရှေ့မှာ အလွယ်တကူ တွေ့တဲ့အရာဝတ္ထု တခုခုရဲ့ ကာရန်ကို
ထပ်ပြီး ရှာပါ။
မျက်နှာသစ်ရင်း တွေ့နိုင်တဲ့-
- ဆပ်ပြာ၊ လက်ခါ၊ နက်ပြာ၊ ဆက်ခါ၊ သက်ညှာ….
- သွားတိုက်ဆေး၊ အားစိုက်ရေး၊ ……
- ရေခွက်၊ ကျေပျက်၊ နေတက်၊ ရွှေခွက်၊…….
ထူးခြားသော စကားလုံးများ၏ ကာရန်
တနေ့ကို ပုံမှန်သုံးစွဲနေကျ မဟုတ်တဲ့ စကားလုံးတလုံးကို ကာရန်ရှာပြီး ချရေးထားပါ။
အဲလို စာလုံးတွေကို အဘိဓါန်တွေထဲမှာ အလွယ်တကူ ရှာလို့ရပါတယ်။ ပုံမှန်သုံးစွဲနေကျ မဟုတ်တဲ့ စကားလုံးတွေကို “ကကြီး” ကနေ “အ” အထိ
စီထားပေးပါတယ်။
သည် “ဝေါဟာရများ” Link မှာ ကြည့်လို့ရပါတယ်။
တနေ့ကို အနည်းဆုံး စကားလုံးတလုံးရဲ့
ကာရန်ကို စာအုပ်ထဲမှာ ဒါမှမဟုတ် Notepad ထဲမှာ ချရေးထားဖို့ အကြံပေးချင်ပါတယ်။
နေ့စဉ်ရေးသားခြင်း
Internet
မှာ Free ရတဲ့ Beat တွေနဲ့ အနည်းဆုံး တနေ့ကို (၁၆)ဘား
ရအောင် စာရွက်မှာပဲ ချရေးရေး၊ စိတ်ထဲကပဲ ရွတ်ရွတ်၊ အသံထွက်ပြီးပဲ ဆိုဆိုပေါ့။
အစမှာ ခက်ခဲပေမယ့် တဖြည်းဖြည်း လွယ်လာပါလိမ့်မယ်။ တနေ့ထက်တနေ့ အကြောင်းအရာတွေ၊
ကာရန်တွေ၊ Flow တွေ တိုးတက်လာတာကို တွေ့ရမှာပါ။
နားထောင်ရင်း လေ့လာခြင်း
Rap သီချင်းတွေကို နားထောင်ရပါမယ်။ ပုံမှန် နားထောင်သူ ပရိတ်သတ် နေရာကနေတော့ မဟုတ်ပါဘူး။
- သီချင်းရဲ့ အကြောင်းအရာ
- ပေးချင်တဲ့ အဓိပ္ပါယ်
- ကာရန် အထားအသို
- အဖြတ်အတောက်၊ အသက်ရှူတဲ့ Breathing Point
- ပရိတ်သတ် အပေါ်သက်ရောက်မှု (နားထောင်ပြီး ပရိသတ်တယောက်ဆိုရင် ဘယ်လိုခံစားရမလဲ)
သီချင်းရဲ့ အသံ
တွေကို နားထောင်သူ ပရိသတ်အနေနဲ့ မဟုတ်ပဲ Rapကျောင်းသား တယောက်က စာလေ့လာသလိုမျိုး ခွဲခြမ်းစိတ်ဖြာပြီး
လေ့လာရမှာပါ။
16 bars ကိုသေချာရှင်းပြပေးလို့ရမလား
ReplyDeleteသီချင်းရေးတဲ့နေရာမှာ intro / verse 1 verse2
Delete/ chorus / bridge ဆိုပြီးရှိတယ်
အု့အထဲမှ 16 verse စာ ရေးပြီးလေ့ကျင့်ဖို့ပြောတာပါ
ကျွန်တော်လည်း သိပ်တော့မသိပါဘူး
16barဆိုတာစာကြောင်း16ကြောင်းပါ
Deleteကာရန်တူ 4ကြောင်းကို တစ်ပိုဒ် စုစုပေါင်းလေးပိုက်ပေါ့
4x4ဆိုတော့16 ကြောင်းရပါတယ်
Rap သီချင်းစရေးချင်လို့သီချင်းကိုလေကိုယ်ပိုင်flowဘယ်လိုဆိုရမလဲဆိုတက်အောင်ဘယ်လိုလေ့လာရမလဲကူညီပါဗျာ
ReplyDeleteစာအရင်ရေးပြီးမှသီချင်းbeatကိုရှာရတာလား
ReplyDeletebeat ကိုအရင်ရှာပြီးမှရေးရင်ပိုကောင်းတယ်
Delete